စစ်တီးဝိုင်းနှင့်စောစံဖိုးသင်
Posted by Ka Shee on Monday, November 28, 2016 | 0 ဟ့ဢ္ခီဢ္မဲဢ္လီဿ္
ဖက်စစ်တော်လှန်ရေး ကရင်=ဗမာချစ်ကြည်ရေးနှင့် လွပ်လပ်ရေး ရယူရေးတွင်ဗိုလ်ချုပ် အောင်ဆန်းအနေနှင့်အားထားရသောကရင်အမျိုးသားခေါင်းဆောင်နှစ်ဦးမှာဝန်ကြီးအာဇာနည် မန်းဘခိုင်နှင့်ဝန်ကြီးစောစံဖိုးသင် နှစ်ဦးပင်ဖြစ်သည်။သို့ ရာတွင်ဗိုလ်ချုပ်အောင်ဆန်း နှင့်မန်းဘခိုင် တို့ ၏ဆက်ဆံရေးမှာလူကြီးဆန်ဆန်ေ နွးထွေးတည်ငြိမ်ရင့်ကျက်ပြီးစောစံဖိုးသင်နှင့်ဆက်ဆံရေး မှာ လွန်စွာပွင့်လင်းသောဆက်ဆံရေးမျိုးဖြစ်သည်ကိုမြင်တွေ့ နိုင်လေသည်။
ယင်းသို့ နှစ်ဦးနှစ်ဘက်ကြားရိုးသား ပွင့်လင်းစွာဆက်ဆံကြခြင်းဖြ င့် ပုဂ္ဂိုလ်ခင်ရာမှတဆင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်စောစံဖိုးသင်တို့ နှစ်ဦးကြားတွင် ထိုစဉ်ကမမျော်မှန်းနိုင်သော အလုပ်များ ကိုပင်အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့လေသည်။ ပထမမှာတနေ့  ဂျပန်ကိုတော်လှန်ရန်ဗိုလ်ချုပ် အောင်ဆန်းကရည်ထားပြီးဖြစ်သောကြောင့်ဂျပန်ခေတ်တွင
်ကရင်တပ်ရင်းကို ဖွဲ့ စည်းနိုင်ခဲ့ခြင်း၊ စောစံဖိုးသင်၏အမေရိကန်
ပြည်ထောင်စုတွင် ဆွတ်ခူးရရှိခဲ့သော ဂီတ၀ိဇ္ဇာဘွဲ့ (ဂီတဗေဒ)ကို
အကြာင်းပြုလျက် ဂျပန်ခေတ် ဗမာ့တပ်မတော် စစ်တီးဝိုင်းသမားအား
ဗိုလ်ချုပ်အောင်ဆန်းက စောစံဖိုးသင်ဦးဆောင်၍ဖွဲ့ စည်းခိုင်းခြင်းတို
့ပင်ဖြစ်သည်။
ယင်းသို့ ဖြင့် ဖက်ဆစ်တော်လှန်ရေး စတင်သောအခါ
တိုင်းအမှတ်(၃)ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ နယ်၏စစ်ကြောင်းဖြစ်သော
“ရဲကျော်သူတပ်ဖွဲ့ သည် တိုင်းမှူးဗိုလ်မှူးကြီးစော ကြာဒိုး၊ ဗိုလ်မှူးစောထွန်းစိန်နှင့်
စောစံဖိုးသင် တို့ ဦးဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်မှန်းချက်
အတိုင်းမြစ်ဝကျွန်းပေါ် ဒေသ၌ တာဝန်ယူနိုင်ခဲ့ကြသည်။ ယင်းဘီဒီအေ(B.D.A)
ကရင်တပ်ရင်းကို တာဝန်ယူခဲ့သူနှင့် တပ်ရင်းမှူးဖြစ်သူ
ဗိုလ်မှူးစောထွန်းစိန်က မြ၀တီမဂ္ဂဇင်းပါသူ၏ “ဖက်ဆစ်ကို
တော်လှန်ခဲ့သော(ဘီဒီအေ)ကရင် တပ်ရင်း” ဆောင်းပါးတွင် အောက်ပါအတိုင်း ရေးသားဖော်ပြ ထားလေသည်။
“ဘီဒီအေ ကရင်တပ်ရင်းကိုဖွဲ့ ရန် တာဝန်ပေးထားသောအခါ ကျွန်တော့်မှာ ပထမဆုံး
အရာရှိ၊ အကြပ်၊ တပ်သားများကို ရှာရမည် ဖြစ်ပါသည်။ ထိုအချိန်က
ကရင်စစ်မှုထမ်းဟောင်းများ ကိုဂျပန်များက အလွန်နှောင့်ယှက်နေသော
အချိန်ဖြစ်သဖြင့် ထိုကရင် စစ်မှုထမ်းများကို ပထမ အသုတ်အနေ
ဖြင့်ခေါ်လိုက်ပါသည်။ နောက်ပြီးကျာင်းသား၊ နောက်ပြီး ဂျပန်က အနှောင့်အယှက်
ပေးနေသူများကို ခေါ်ယူပြီး စမ်းချောင်းဘောလုံးကွင်းအတွ င်းရှိစစ်ဝန်ကြီးရုံး ကင်းတပ်တွင် လေ့ကျင့် ခန်းများပေးပါသည်။
(၁)လအတွင်းနေ့ ညဆက်တိုက် လေကျင့်ပေးသဖြင့်အရာရှိနှင့်  အကြပ်သင်တန်းပြီးဆုံးပါသည်။ ၄င်းအရာရှိနှင့်အကြပ်များကိုပင်
စစ်သားစုဆောင်းရေးအတွက် နယ်သို့ လွတ်၍ စစ်သားစုဆောင်းစေခဲ့ရာ မကြာမီ
တပ်ရင်းတရင်းစာ စစ်သားသစ်များ ရောက် ရှိလာပါတော့သည်။” ဆောင်းပါးရှင်က
ဆက်လက်၍ ဖော်ပြထားသည်မှာ-
အချို့ တပ်သားများမှာ
တောင်ပေါ်ကရင်များဖြစ်ကြ၍ မြန်မာစကားကိုပင်ကောင်းစွာ မပြော တတ်ကြပါ။ ထိုသို
့မြန်မားစကားမပြောတတ် ပြောတတ်သဖြင့် ပြောသည်ကိုပင်ဗိုလ်ချုပ်နှင့်တကွ မြန်မာ့ရဲဘော်များက အလွန်သဘောကျခဲ့ကြပါသည်။ တပ်သားအရေအတွက်များလာသဖြင့် ဘီဒီ အေ ကရင်တပ်ရင်းကို လေ့ကျင့်ရေးတပ်ရင်(၄)ဟုခေါ်ြ ပီး ၀င်ဆာစခန်း(သမ္မတအိမ်တော်အနီး)
တွင်ထားပါသည်။ တပ်သားများကို လေ့ကျင့်ရေးမပြီးမီ ဖက်ဆစ်တော်လှန်ရေးတွက်
တာဝန်များ ကို ခွဲဝေပေးပြီး တပ်ခွဲ(၃)ကို မြစ်ဝကျွန်းပေါ်မှ လွတ်ခဲ့ရ၍
ကျန်တပ်ခွဲတစ်ခွဲကို လူခွဲပြီး အင်းစိန်၊ သာယာဝတီ၊ ပဲခူး၊တောင်ငူသို
့လွတ်ခဲ့ရပါသည်။ ထိုသို့ တပ်များကို နယ်သို့ မလွတ်မီ စိတ်ချရ သော
ကရင်တပ်ရင်းမှူးအချို့ ကို ဗိုလ်ချုပ်အောင်ဆန်းကခေါ်ပြီးလျှင် အောက်ပါအတိုင်းညွန်ကြား ခဲ့ပါသည်။
“စစ်အခြေအနေဟာ ဒီအတိုင်းဆိုရင် ဂျပန်တို့ ဆုတ်ပြေးဖို့ အခြေအနေမျိုးဖြစ်ဖို့ များတယ်။ ဂျပန်တွေပြေးလို့ မဟာမိတ်တွေ ၀င်လာရင် (ဘီအိုင်အေ) တုံးကလို စပ်ကူးမတ်ကူးအချိန် ဖြစ်ဦး မှာပဲ။
“စစ်အခြေအနေဟာ ဒီအတိုင်းဆိုရင် ဂျပန်တို့ ဆုတ်ပြေးဖို့ အခြေအနေမျိုးဖြစ်ဖို့ များတယ်။ ဂျပန်တွေပြေးလို့ မဟာမိတ်တွေ ၀င်လာရင် (ဘီအိုင်အေ) တုံးကလို စပ်ကူးမတ်ကူးအချိန် ဖြစ်ဦး မှာပဲ။
အဲဒီအချိန်မှာ
မင်းတို့ ကရင်တွေဟာ အရင်တခေါက်ကလို လက်နက်မဲ့ဖြစ်ပြီး ကိုယ်ရွာကိုယ်
မကာကွယ်နိုင် မဖြစ်ရအောင် မင်းတို့ ကရင်တပ်ရင်းက တာဝန်ယူ
ကာကွယ်ရမယ်။မင်းတို့ ဟာ ဂျပန်ကိုတိုက်နိုင်သလောက်တိုက်
ဒါပေမဲ့မင်းတို့ ရဲ့ အဓိကတာဝန်ဟာ ဂျပန်ကိုတိုက်ဖို့ မဟုတ်ဘူး။ မင်းတို
့အမျိုးသားတွေကို ကာကွယ်ဖို့ နဲ့ မင်းတို့ ရောက်တဲ့နေရာဒေသမှာ
ကရင်-ဗမာလူမျိုးရေး အဓိကရုဏ်းပြန်လည်မပေါ်ပေါက်ေ အာင် တားဆီးဖို့ ပဲ”
ဤသည်ဗိုလ်ချုပ်အောင်ဆန်းနှင့်စောစံဖိုးသင်တို့ ခင်မင်မှုနှင့်ယုံကြည်မှုအ ရ ဂျပန်ခေတ် တွင် ပေါ်ပေါက်လာသည့် ဘီဒီအေ ကရင်တပ်ရင်းပင်ဖြစ်ပေသည်။
ဤသည်ဗိုလ်ချုပ်အောင်ဆန်းနှင
အချို့ သောကရင်ပြည်နယ်သမိုင်းမှတ် တမ်းများတွင် ရန်ကုန်မြို့ မှ ဂျပန်တို့ ဆုတ်ခွာခဲ့ရပြီး ရန်ကုန်၊ ပြည်မနှင့်မြစ်ဝကျွန်းပေါ်ဒေ သများတွင် ဘီးဒီအေတပ်ရင်းများ၊ ကရင်ဘီဒီအေတပ်ရင်းများ ဂျပန်ကို အောင်ပွဲခံပြီး အသီးအပွင့်များခံစားချိန်တွ င်
ကရင်ပြည်နယ်ရှိ ကရင်တပ်ရင်းများသည် ဂျပန်ကို တိုက်ထုတ်နေရဆဲပင်ဖြစ်သည်။
ကရင်တပ်ရင်းများသည် ဂျပန်တို့ ကိုလိုက် လံတိုက် ခိုက်ရင်း
ဂျပန်စစ်သားပေါင်း(၃၀၀၀၀) ကျော်မျှသတ်ခဲ့သည်ဟု ဖော်ပြထားသည်။
“မြန်မာပြည်ချစ်ကရင်အမျိုးသားခေါင်းဆောင်းများ” စာအုပ်မှ ကောက်နုတ်ချက်
“မြန်မာပြည်ချစ်ကရင်အမျိုးသ
0 ဟ့ဢ္ခီဢ္မဲဢ္လီဿ္ for "စစ်တီးဝိုင်းနှင့်စောစံဖိုးသင်"
Leave a reply