ကရင်မျိုးနွယ်စုများ ရဲ့အမည်ဟောင်းဖြစ်တဲ့ ကမ်းယံ လူမျိုး တို့များမျိုးနွယ်

Posted by Ka Shee on Tuesday, January 10, 2017 | 0 ဟ့ဢ္ခီဢ္မဲဢ္လီဿ္


ပါသည်။ တစ်ခြားတော့မဟုတ်ပါကရင်မျိုးနွယ်စုများရဲ့အမည်ေ ဟာင်းဖြစ်ပါသည်။ BC.739 လောက်တည်းကထီးဆဲ့မဲ့ယွားဒေသ( မွန်ဂိုး လီးယား)မြန်မာပြည်ထဲကိုဝင်ရောက်လာ သူများဖြစ်ပါသည်။ထီးဆဲ့မဲ့ယွားမှ တိဘက်,ကေါ်ယူနား(ယူနန်)တို့ကိုဖြတ်ပြီး မှမြန်မာပြည် ထဲ ကို ဝင်ရောက် လာခဲ့သည်၊ တိုင်းမျိုးနွယ်စုများ,မွန်ခမာမျိုးနွယ်စုများကဲ့သို့ ဟန်တရုတ်လူမျိုး
များ၏တခိုးကြီးထွားလာမှုကိုမလွန်ဆန်နိုင်သောကြောင့်ဖြစ်သည်။

ကမ်းယံလူမျိုးဆိုတဲ့အမည်ကိုမြန်မာ့ သမိုင်းသင်ဖူးသူ တိုင်းသိကြ ပါတယ်။ရှေးကျတဲ့လူမျိုးတစ်မျိုးဖြစ်

အင်အားနည်းသဖြင့်အစုလိုက်အစုလိုက်စုန်ဆင်း ကာမြန်မာနှင့်ထိုင်းနိုင်ငံ တို့ အတွင်းသို့ဝင်ရောက်ခဲ့ ကာမြို့ရွာထူထောင်၍နေထိုင်ကြပါသည်။ ထိုင်းနိုင်ငံ ချင်းမိုင် သည်ကရင်တို့၏မြို့ဟောင်းဖြစ်ခဲ့ဖူးသည်။
မြန်မာနိုင်ငံ၌လည်းသံလွင်, ဧရာဝတီ,စစ်တောင်း မြစ်ဝှမ်းဒေသတွေမှာ ဝင်ရောက်နေထိုင်ခဲ့ကြပါ တယ်။ရှေးတောင်ငူခရိုင်, သံလွင်ခရိုင်, သထုံဒေသ တို့တွင်မျိုးနွယ်စုအလိုက်ထီးနန်းသီးခြားစီရှိခဲ့ကြပါတယ်။


မွန်တို့ကကယောင်လူမျိုးဟုခေါ်သည်ဟုဖတ်ခဲ့ရပါသည်။ထိုင်းနိုင်ငံကတော့ယနေ့တိုင်ကားယံလူမျိုးဟုကရင်

လူမျိုးများကိုခေါ်ဆိုသုံးနှုံးပါသည်။ကရင်ဟူသောအမည်မှာလည်းအင်းဝခေါတ်လောက်မှ စခေါ်သောအမည်ဟုမှန်းဆရပါသည်။ ယနေ့ ထိုကမ်းယံ လူမျိုး၏အမည်ကိုအသံထွက်အနဲငယ် စီပြောင်းသွားပေမယ့်ဆက်ခံသည့်လူမျိုးများမှာ ကညော(စဝှော် ခေါ် စကောကရင်)ကယား, ကယန်း 
( ပဒေါင် )ကယေါ စတဲ့လူမျိုးစုများဖြစ်တယ်။

တကယ်တော့ ကမ်းယံ ကနေ ကရင် ရော ကရင်နီမျိုးနွယ်စုတွေရော ဆင်းသက်လာတာပါ။
ကညော(စဝှော်ကရင်), ဖလုံ(ပိုး)ကယား, ကယန်း ,ကယော,ဇယိမ်း,
မနူးမနော, ဂေခို, ဂေဘား, ဘွဲ ယင်းဘော်,ယင်းတလဲ အားလုံးသောကရင် နှင့် ကရင်နီတို့ရဲ့ အဘိုးအဘေးတွေဟာ ကမ်းယံလူမျိုးတွေဖြစ်ပါတယ်။တောင်ပေါ်ဒေသမှကမ်း ရိုးတန်းဒေသ အထိပျံ့နှံ့သောလူမျိုးဖြစ်ပါတယ်။ 


ပျူ လူမျိုးများနဲ့ ကူးလူးဆက်ဆံခဲ့သဖြင့်ပျူလူမျိုးနှင့် culture sharing သဘောအရပျူလူမျိုးများနှင့် တူညီသောအချက်များစွာရှိနေပါသည်။ဥပမာအရိုးကောက်သည့်ဓလေ့,အရိုးအိုးဓလေ့များဖြစ်သည်။ ယခုအခါအရိုးကောက်သည့် ကရင်ရွာများမှာ ကရင်ပြည်နယ်ဒေသတစ်ချို့နဲ့ ဧရာ
ဝတီတိုင်း,ပန်းတနော်ရှိရွာတစ်ချို့သာရှိတော့သည်။ 


စာပေသုံးစွဲမှုတွင်လဲ ပျူစာပေကိုစာလုံး လှယ်ကာဆီလျော်စွာသုံးစွဲခဲ့ဟန်ရှိပါသည်။ စစ်ပွဲများနှင့်ပြောင်းရွှေ့နေထိုင်မှုသဘောအရထိုစာပေများ တိမ်ကောသွားပြီးနောင်အခါ သံလွင်ခရိုင်ရှိကရင်လူမျိုးများက မွန်တို့ထံမှ စာရေးဟန်ကိုဖလှယ် ကာ ကရင်စာကိုပြန်လည် အသက်သွင်းခဲ့ကြသည်။ယခုကရင်မျိုးနွယ်စု အလိုက်စာပေမူကွဲများစွာရှိသည်။ကရင်ဒေသ များ၌တူးဖေါ်ရရှိသောပျူနှင့်အမှတ်အသားတူ ဒင်္ဂါးများ,လက်ရေး စင်းပါ အုတ်ချပ်များ သည်လည်း ကမ်းယံ လူမျိုးများက မူလပိုင်ရှင်များဖြစ်ပေသည်။ 

ကမ်းယံ ,ကရင်,ကယေါင် ဘယ်လိုပဲခေါ်ခေါ် Root word ကအတူတူပင်ဖြစ်သည်။ကရင်ကိုပင်ဆိုလိုခြင်း
ဖြစ်သည်။ကရင်စစ်လျှင်ကမ်းယံ ပင်ဖြစ်သည်။ ကရင်,ကရင်နီ ဒေသများ,ရွာများမှတူးဖေါ်ရရှိသောဘိုးဘွား အမွေကမ်းယံ ရှေးဟောင်းလက်ရာတွေကိုကရင်လူမျိုးတိုင်းထိန်းသိမ်းကြပါ။
....
Internet

0 ဟ့ဢ္ခီဢ္မဲဢ္လီဿ္ for "ကရင်မျိုးနွယ်စုများ ရဲ့အမည်ဟောင်းဖြစ်တဲ့ ကမ်းယံ လူမျိုး တို့များမျိုးနွယ်"

Leave a reply

တဿ္ထံဢ္ဒီးတဿ္တဿဢ္ပီဢ္သကိးအဒဿး

တဿ္ကြဲးလဿပက့ၯကြဿ္ကဒါ

နီဢ္ဂံဿ္ရဲဢ္